
Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.
နာမည်အပြည့်အစုံ –
မွေးရက် –
မွေးရပ် –
အရပ်အမြင့် –
ပထမဆုံးပွဲထွက်ခွင့်ရသည့်နေ့ –
နိုင်ငံအသင်း –
သီယာဂိုလ် အီမီလီယာအို ဒါ ဆေးဗားလ်
၂၂.၀၉.၁၉၈၄ (၃၈နှစ်)
Rio de Janeiro, ဘရာဇီးလ်
၅ ပေ ၁၁ လက်မ (1.81 m)
၀၆.၀၈.၂၀၂၂
ဘရာဇီးလ်
ဘရာဇီးလ် ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမား Thiago Silva (သီယာဂိုဆေးလ်ဗား) ကတော့ ဘောလုံးအားကစားကဏ္ဍရဲ့ နောက်တန်းကစားသမားတွေထဲမှာ ကမ္ဘာ့အဆင့်အတန်းမှီ အအောင်မြင်ဆုံး ကစားသမားတစ်ယောက်ပါ။ သူက အီတလီ၊ ဘရာဇီး၊ အင်္ဂလန်၊ ပြင်သစ် အစရှိတဲ့နိုင်ငံတွေမှာ နိုင်ငံတကာအဆင့်နှင့်ချီပြီး ဆုပေါင်းမြောက်များစွာ ပိုင်ဆိုင်ထားပြီး တစ်ဦးချင်းဂုဏ်ထူးဆောင်ဆုများစွာကို ရရှိထားသူဖြစ်ပါတယ်။ သူရဲ့ တည်ငြိမ်မှု၊ အရှိန်အဟုန်၊ ခွန်အားနှင့် နည်းစနစ်ပိုင်း စွမ်းရည်တွေကြောင့် ကွင်းထဲမှာ ဘောလုံးကစားတဲ့အချိန် သူ့ကို ခက်ခဲတဲ့ ပြိုင်ဘက်အဖြစ် သတ်မှတ်ကြသလို ဘရာဇီးနှင့် ပြင်သစ် စာနယ်ဇင်းများကတောင် သူ့ကို ‘The Monster’ ဆိုပြီး နာမည်ပြောင်အဖြစ် သတ်မှတ်ကြသေးပါတယ်။ Thiago ဟာ ထူးချွန်တဲ့ ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသူဖြစ်တဲ့အပြင် AC Milan, Paris Saint-Germain, Chelsea နဲ့ ဘရာဇီးအမျိုးသားအသင်းတွေမှာ ခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်ဖူးသူတစ်ဉီးလည်း ဖြစ်ပါတယ်။

Thiago က ဘောလုံးကစားနည်းကို ဆယ်ကျော်သက်အရွယ်မှာ ဒေသတွင်းတတိယတန်းကလပ် RS Futebol နဲ့ စတင်ကစားခဲ့ပြီး ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားအနေနဲ့ ဘရာဇီးအပျော်တမ်းလိဂ်များတွင် အသက်မွေးဝမ်းကြောင်းကို စတင်ခဲ့တယ်လို့ သိရပါတယ်။ ကွင်းလယ်မှာ သူ့ရဲ့ အထင်ကြီးလောက်စရာ ဘောလုံးပေးပို့မှုတွေနဲ့ စွမ်းဆောင်ရည်တွေက ပရိတ်သတ်တွေနဲ့ ဘောလုံးကလပ်အတော်အများကို ဆွဲဆောင်နိုင်ခဲ့အတွက် ဥရောပကဘောလုံးကလပ်တွေက သူနဲ့စာချုပ်ချုပ်ဖို့ အသည်းအသန်ကို ကြိုးစားခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ရုရှားနိုင်ငံမှာ နေထိုင်ကစားရင်း အသက်အန္တရာယ်ရှိတဲ့ ဖျားနာမှုကြောင့် ဆေးရုံတက်ခဲ့ရပြီးနောက် ဘရာဇီးနိုင်ငံသို့ ပြန်သွားခဲ့သည်။
သို့သော် Thiago ဟာ သူ့ရဲ့ တောက်ပတဲ့အနာဂတ်ကို ပြန်လည်ပုံဖော်ဖို့အတွက် Rio de Janeiro မှာ သုံးနှစ်ကျော်ကြာ ပြန်လည်ကစားခဲ့ပြီး ထိပ်တန်းအသင်းရဲ့ အကောင်းဆုံးကစားသမားအဖြစ် ပရိသတ်တွေရဲ့ မဲပေးရွေးချယ်ခြင်းကို ခံခဲ့ရပါတယ်။ 2011 ခုနှစ်မှာတော့ နှစ် 50 အတွင်း ပထမဆုံး နိုင်ငံခြားသား ဉီးဆောင်တဲ့ ကလပ်အသင်းခေါင်းဆောင်အဖြစ် စီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အထိ တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ဒီလို ခမ်းနားတဲ့ အခိုက်အတန့်တွေအပြီးမှာ Thiago ဟာ Tottenham (တော့တင်ဟမ်) နဲ့ကစားပွဲမှာ နာမည်ကြီးသွားတဲ့ ခေါင်းတိုက်ဘောဖြင့် သူ့ရဲ့ ပထမဆုံး ဂိုးကို သွင်းယူ နိုင်ခဲ့သလို အလားတူ ခက်ခဲတဲ့ ပြိုင်ဘက် တွေကိုကျော်လွန်ပြီး ပင်နယ်တီဂိုးတွေကိုလည်း ထပ်ခါ ထပ်ခါ သွင်းယူနိုင်ခြင်းကြောင့် ရေပန်းစားလာခဲ့ပါတယ်။

မကြာသေးမီကလည်း Abu Dhabi မှာကျင်းပခဲ့တဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ‘Golden Ball’ ဆုဖြင့် ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသေးပါတယ်။ ဒါပေမဲ့လည်း လူတိုင်းလူတိုင်းမှာ အတက်အကျရှိသလို Thiago မှာလည်း သူ့ဘဝမှာ နောက်ထပ် အခက်အခဲတစ်ခုကို ထပ်မံကြုံတွေ့ခဲ့ရပါသေးတယ်။ အဲ့တာကတော့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ရဲ့ ရာသီတစ်ခုလုံးမှာ အမှားတွေ ပြုလုပ်မိခဲ့တဲ့အပြင် ခက်ခဲလှတဲ့ ဆောင်းရာသီမှာ ယှဉ်ပြိုင်ကစားရင်း Spurs (စပါး) ကို ၁-၀ နဲ့ နိုင်ခဲ့တဲ့ တတိယမြောက်ပွဲမှာတော့ သူရဲ့ပေါင်မှာ ဒဏ်ရာ ရခဲ့ပါတယ်။ ဒီမတော်တဆမှုတွေကြားက West Ham (ဝက်စ်ဟမ်း) ကို 1-0 နဲ့အနိုင်ရခဲ့တဲ့ရလဒ်ကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် အကျော့နှစ်ကျော့စလုံးမှာ သူဟာ စွမ်းဆောင်ရည်ပိုကောင်းခဲ့ပါတယ်။ အီတလီနဲ့ ပြင်သစ်မှာ ကစားခဲ့တဲ့ နှစ်တွေအတွင်း ပေါင်ခြံနဲ့ ပေါင်မှာ ရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့် ပြိုင်ပွဲတွေမှာ အနိုင်ရဖို့ ကြိုးစားခဲ့ရတာတွေ အများကြီးပါ။ ဒါပေမယ့် ချဲလ်ဆီးအသင်းနဲ့ ၂၀၂၁ ခုနှစ်မှာ တစ်နှစ်စာချုပ်ချုပ်ဆိုပြီး ၂၀၂၂ ခုနှစ်အထိ နောက်ထပ်တစ်နှစ်သက်တမ်းတိုးဖို့ ကြေငြာထားတာကြောင့် သူ့ရဲ့ကစားသမားဘ၀ကို တိုးတက်မှုကနေ မတားဆီးနိုင်ခဲ့ပါဘူး။

ချဲလ်ဆီးပရိသတ်တွေကတော့ Thiago Silva (သီယာဂိုဆေးလ်ဗား) ရဲ့ အရည်အချင်းတွေကို 2015 ခုနှစ် ချန်ပီယံလိဂ်တုန်းက Paris Saint-Germain (PSG) နဲ့ တွေ့ဆုံမှုမှာ ခြေစွမ်းပြခဲ့တဲ့ Thiago Silva (သီယာဂိုဆေးလ်ဗား) ရဲ့ အရည်အချင်းတွေကို ရင်းနှီးပြီးသားဖြစ်မှာပါ။ အထူးသဖြင့် ပြင်သစ်မှာ ပထမအကျော့မှာ Diego Costa (ဒီယေဂိုကော်စတာ) ကို အခက်တွေ့စေပြီး Stamford Bridge (စတန်းဖို့ဒ်ဘရစ်ချ်) မှာ အချိန်ပိုမှာ အဆုံးအဖြတ်ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။ အဆိုပါ ပြိုင်ပွဲနဲ့ ရလဒ်တွေက Thiago အတွက် အကောင်းဆုံးရလဒ်တွေအဖြစ် အခုထိ တည်ရှိနေဆဲပါ။ 2021-2022 ခုနှစ်အတွင်း ကျင်းပခဲ့တဲ့ ပြိုင်ပွဲတွေမှာ Thiago က ချဲလ်ဆီးအသင်းအတွက် 48 ပွဲကစားကာ 2,622 ကြိမ်အထိ ဘောလုံးပေးပို့မှု ပြုလုပ်နိုင်ခဲ့ပြီး Tottenham (တော့တင်ဟမ်)နဲ့ အိမ်ကွင်းအဝေးကွင်းပွဲစဉ်များမှာ ဂိုးသွင်းနိုင်ခဲ့ပြီး West Ham (ဝက်စ်ဟမ်း) နဲ့ပွဲမှာလည်း နောက်ထပ် London derby (လန်ဒန်ဒါဘီ) ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အသက်အရွယ်ထက် ခြေစွမ်းပြကစားနေတဲ့ သီယာဂိုလ်ဟာ ချဲလ်ဆီးရောက်လာတာမကြာသေးပေမဲ့ အသင်းရဲ့ပရိတ်သတ်တွေဟာ သူနာမည်ကိုပွဲစဉ်တိုင်းမှာ သံပြိုင်ကျွေးကျော်အားပေးနေကြပါပြီ။
1 Comment