Menu

We are presenting sports news quickly and accurately to our audience.

Follow us

Trevoh Chalobah 

8 months ago 0 29

ထရောဗာသည် အသက်၉နှစ်အရွယ်ကတည်းက ချဲလ်ဆီးအကယ်ဒမီမှတဆင့် အသင်းကြီးသို့ရောက်ရှိလာခြင်းဖြစ်သည်။

နာမည်အပြည့်အစုံ –

မွေးရက် –

မွေးရပ် – 

အရပ်အမြင့် –

ပထမဆုံးပွဲထွက်ခွင့်ရသည့်နေ့ –

ထရောဗာ တွန် ချာလိုဘာ့ချ်

၀၅.၀၇.၁၉၉၉ (၂၃နှစ်)

Freetown, Sierra Leone

၆ ပေ ၃ လက်မ (1.92 m)

၁၁.၀၈.၂၀၂၁

        ချဲလ်ဆီးဘောလုံးအသင်းမှာ ခံစစ်ကွင်းလယ် ကစားသမား သို့မဟုတ် Center Back အဖြစ် ကစားနေတဲ့ အသက် 23 နှစ်အရွယ် ပရော်ဖက်ရှင်နယ်ဘောလုံးသမား Trevoh Chalobah က အသင်းမရောက်လာခင်တည်းကပင် သူဟာ အလယ်တန်းနဲ့ ညာနောက်ခံမှာ ခံစစ်ပိုင်းကို အဓိကထားပြီး ကွင်းလယ်မှာလည်း ရံဖန်ရံခါ ကစားခဲ့ပါတယ်။ ထို့အပြင် လူငယ်အသင်းမှာ ကစားစဉ်က 10 ကြိမ်ခန့် ပါဝင်ကစားခဲ့ဖူးပြီး 14 နှစ်သားအရွယ်ရောက်တော့ Under-21 မှာ သူရဲ့ ပထမဆုံး ပွဲဦးထွက်ကို ကစားခဲ့ပါတယ်။။ Chalobah က အင်္ဂလန်အသင်းအား 2017 ခုနှစ်မှာ UEFA European U-19 Championship ချန်ပီယံဆုကို ဆွတ်ခူးနိုင်စေရန် ကူညီပေးခဲ့ပြီး 2021 ခုနှစ် UEFA Super Cup မှာ ချယ်လ်ဆီးအသင်းရဲ့ စီနီယာပွဲဦးထွက်တွင် ပါဝင်ကူညီပေးခဲ့တာကို တွေ့ခဲ့ရပါတယ်။

        ငယ်စဉ်တည်းက ဘောလုံးကစားရာမှာ ဝါသနာပါသူပီပီ အသက် 8 နှစ်မှာ ဘောလုံးကလပ်သို့ဝင်ရောက်ခဲ့ပြီး အကယ်ဒမီမှတစ်ဆင့် စီနီယာအသင်းကြီးသို့ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ သူရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘ၀ကို 2018 ခုနှစ်မှာ ချဲလ်ဆီးအသင်းနဲ့ စတင်ခဲ့ပြီး အသင်းတွင်ရှိစဉ် 2015-16 တွင် UEFA Youth League၊ 2015-16 နဲ့ 2016-17 FA Youth Cup များအပြင် 2016-17 Under-18 ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ပါဝင်ဆော့ကစားခွင့်ရခဲ့ပါတယ်။ 2021/22 ရာသီအစ ချဲလ်ဆီးအသင်းသို့ မပြန်ခင်အချိန်ထိ 2018 မှာ ‘Ipswich Town’, 2019 မှာ Huddersfield Town နဲ့ 2020 မှာ ‘Lorient’ အစရှိသည့် အသင်းများထံ အဌားသွားရောက်ကစားခဲ့ပြီး လူငယ်ကြယ်ပွင့်များအကြားမှာ တိုးတက်အောင်မြင်လာခဲ့ပါတယ်။

        Chalobah သည် Ipswich Town တွင်ရှိနေစဉ် အသင်းနှင့် စာချုပ်ချုပ်ဆိုပြီးတာနဲ့ သူရဲ့ ပထမဆုံးသော စီနီယာသွင်းဂိုးကို သွင်းယူနိုင်ခဲ့ကာ Ipswich တွင် စတင်ဝင်ရောက်သည့်နေ့မှ လေးလအကြာတွင် အသင်းရဲ့ ပထမဆုံးလိဂ်အနိုင်ရမှုကို ရရှိအောင် ပါဝင်ဆော့ကစားခဲ့ပါတယ်။ Ipswich အသင်းမှာ သူက ပုံမှန် ကွင်းလယ်လူအဖြစ် ပါဝင်ကစားခဲ့ပြီး အသင်းအတွက် 44 ပွဲကစားကာ 2 ဂိုး သွင်းယူပေးခဲ့သည်။ အလားတူ Huddersfield Town အသင်းနဲ့လက်တွဲဆော့ကစားစဉ်ကလည်း ပထမဆုံးဂိုးကို Cardiff City (ကာဒစ်ဖ်စီးတီး) နဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ ရယူနိုင်ခဲ့ပါတယ်။ 2020-2021 ရာသီမှာတော့ Chalobah က ပြင်သစ်ကလပ် Lorient သို့ ရောက်ရှိလာခဲ့ပြီး RC Lens နဲ့ အစားထိုးကာ သူ့ရဲ့လိဂ်ပွဲဦးထွက်ကို ကစားခဲ့ပါတယ်။ လော်ရီယန့်အသင်းနှင့် အတူရှိစဉ်အတွင်း ပွဲ 30 တွင် နှစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ပထမဆုံးဂိုးမှာ Dijon ကို 3ဂိုး-2ဂိုး ဖြင့်အနိုင်ရရှိခဲ့သော အဖွင့်ဂိုးဖြစ်ပြီး ဒုတိယဂိုးကတော့ ရာသီ၏ နောက်ဆုံးနေ့မှာ Strasbourg နှင့် 1-1 သရေကျသော သွင်းယူခဲ့တဲ့ ဂိုးပဲဖြစ်ပါတယ်။

        နောက်ဆုံးမှာတော့ Chalobah က ချဲလ်ဆီးအသင်း၏ရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ 2021 UEFA Super Cup နှင့် Premier League ပွဲဦးထွက်မှာ ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးပွဲဦးထွက်ဆော့ကစားခဲ့တာကို တွေ့ခဲ့ရပါတယ်။ သို့သော်လည်း အခြားဘောလုံးကစားသမားများနှင့် အလားတူ Chalobah လည်း 2017 ခုနှစ်မှ စတင်ပြီး မရေမတွက်နိုင်တဲ့ ဒဏ်ရာအများ အပြားကို ရရှိခဲ့ပါတယ်။ ဥပမာအားဖြင့် ခြေကျင်းဝတ်ဒဏ်ရာကြောင့် 2017 ခုနှစ်တွင် ပြိုင်ပွဲမှအနားယူခြင်း ခံခဲ့ရပြီး 2022 ခုနှစ်တွင် တံကောက်ကြောဒဏ်ရာကြောင့် အဘူဒါဘီမှာ ကျင်းပတဲ့ ပြိုင်ပွဲနှစ်ပွဲစလုံးမှာ လူစားဝင်ရောက်ဖို့အတွက်သာ အရံခုံမှာထိုင်နေခဲ့ရပါတယ်။ ဒါပေမဲ့လည်း Chalobah ဟာ နာကျင်မှုကို လေ့ကျင့်မှုများနဲ့ ဖြတ်ကျော်ပြီး နောင်လာမည့်ပွဲများအတွက် အကောင်းဆုံးပုံစံဖြင့် ဆက်လက်ကစားရန် အကောင်းဆုံးကြိုးစားခဲ့သည်။ သူ့ရဲ့ စိတ်အားထက်သန်မှုနဲ့ ပံ့ပိုးမှုတွေကြောင့် လီဗာပူးအသင်းနဲ့ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ကစားသမားအဖြစ် ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ ယခုထိ ရရှိပိုင်ဆိုင်ခဲ့တဲ့ အောင်မြင်မှုတွေအားလုံးက သူ့ကို မြင့်မားတဲ့အဆင့်ကို တက်လှမ်းဖို့ တွန်းအားပေးခဲ့သလို  ချဲလ်ဆီးအသင်းနဲ့လည်း 2026 ခုနှစ်အထိ အသင်းမှာ ဆက်ရှိနေဖို့အတွက် စာချုပ်အသစ် ထပ်မံချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *