
“ကျွန်တော်ချဲလ်ဆီးအသင်းမှာ ရှိနေခဲ့ရတဲ့နေ့ရက်တိုင်းကို ချစ်ခင်နှစ်သက်ခဲ့ပါတယ်။ အဲ့ဒီနေ့ရက်တွေဟာ ကျွန်တော်အတွက် စောစီးစွာပဲအဆုံးသတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဒါကကျွန်တော် မစွမ်းသာတဲ့ အရာပါပဲ။ ပြီးတော့ ကျွန်တော် စာချုပ်မှာ လက်မှတ်ထိုးထားရတာကလဲဒီလိုတွေကြောင့်ပဲ ဖြစ်ပါတယ်။”
ချဲလ်ဆီးထံရောက်ရှိလာခဲ့တုန်းကအခြေအနေအပေါ်
“အဲ့တုန်းကအသင်းဟာ အနိုင်ရရှိဖို့ ဘယ်တော့မှ မျှော်လင့်မထားတဲ့ အနေအထားတစ်ခုမှာပါ။ ချန်ပီယံလိဂ်မှာလဲ underdog အသင်းအနေနဲ့သာ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ကျွန်တော်စရောက်တဲ့အချိန်မှာပဲ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာလဲ အဆင့်၉နေရာမှာသာ ရပ်တည်နေခဲ့တာပါ။ ဒါကြောင့် နောက်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ရင်တောင်မှ အောင်မြင်မှုရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။”
“ကျွန်တော်ချဲလ်ဆီးကို ကိုင်တွယ်တုန်းက ရီးရဲလ်အသင်းကို (2-0)၊ အက်သလက်တီကိုအသင်းကို (2-0)၊ ပေါ်တိုအသင်းကို (2-0)/(1-0) နဲ့ မန်ချက်စတာစီးတီးအသင်းကို ဖိုင်နယ်ပွဲစဉ်မှာ (1-0) အစရှိသဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်တွေအတွက် ကျွန်တော်အရမ်း ပျော်ရွှင်ကျေနပ်မိပါတယ်။ “
ရှေ့ဆက်မယ့် ခရီးလမ်းအပေါ်
“ကျွန်တော်ခုအချိန်ထိတော့ ဘာဆုံးဖြတ်ချက်မှ မချထားရသေးပါဘူး။ ခုအချိန်က ကျွန်တော့်အတွက် ခေတ္တအနားယူရမယ့် အချိန်ကာလပါပဲ။ အချို့အသင်းတွေက ကျွန်တော့်ရဲ့ မန်နေဂျာကို ဆက်သွယ်မှုတွေပြုလုပ်နေပြီး ကျွန်တော်အနားယူစဉ် အတောအတွင်း ကျွန်တော့်ကို အလုပ်ကိစ္စတွေမပြောသေးဖို့ မန်နေဂျာနဲ့ သဘောတူညီမှု ယူထားပါတယ်။”
အောက်တိုဘာ၁၂ ရက်နေ့ကတည်းက Ayurvedic Rejuvenation Therpy ခံယူနေတဲ့အပေါ်
(Ayurvedic Rejuvenation Therpy ဆိုတာဟာ အိန္ဒိယနိုင်ငံမှာ အများဆုံးတွေ့ရတဲ့ သဘာဝ သစ်ဥသစ်ဖုတွေ သတ္တုဓာတ်တွေ ကိုအသုံးပြုပြီး နှိပ်နယ်ခြင်း၊ တရားထိုင်ခြင်းစသဖြင့် နည်းလမ်းများကိုအသုံးပြုကာ စိတ်ရောကိုယ်ပါ ပြန်လည် နုပျိုကျန်းမာအောင် ပြုလုပ်တဲ့ ရိုးရာကုသနည်းတစ်မျိုးဖြစ်ပါတယ်။)
“ကျွန်တော်က စပ်စုချင်စိတ် ရှိပါတယ်။ ကျွန်တော့်ရဲ့ လက်ထောက်နည်းပြတစ်ယောက်က လွန်ခဲ့တဲ့ ၆နှစ်လောက်က ဒီနေရာကို (အိန္ဒိယနိုင်ငံ) လာခဲ့ဖူးပါတယ်။ သူက ကျွန်တော့်ကို ဒီနေရာရဲ့ကောင်းတဲ့အချက်တွေကို ပြောပြခဲ့ပါတယ်။ ကျွန်တော်ကလဲ Ayurveda ကုသနည်းအချို့ကို သတိထားမိခဲ့ပါတယ်။ “
“နည်းပြဘဝကို အကြာကြီးဖြတ်သန်းပြီးတဲ့နောက်မှာ ခေတ္တအနားယူသင့်တယ်ဆိုပြီးတော့ ဒီနေရာကိုရောက်လာခဲ့တာပါ။ ဒီကုသမှုကရတဲ့ အတွေ့အကြုံတွေကတော့ အရမ်းထူးခြားပါတယ်။ ကျွန်တော်ရဲ့ တည်ငြိမ်မှုနဲ့ အင်အားတွေပြန်ပြည့်လာသလို ခံစားရပါတယ်။ ခန္ဓာနဲ့စိတ်ရဲ့စည်းကမ်းကို လိုက်နာလိုသူတိုင်း ဒီကုသနည်းကိုအသုံးပြုဖို့ ထောက်ခံချက်ပေးပါတယ်။”
ကမ္ဘာ့ဖလားမှာဘယ်အသင်းတွေကိုခန့်မှန်းထားလဲဆိုတဲ့အပေါ်
“ဘရာဇီး၊ ပြင်သစ်၊ အာဂျင်တီနား၊ ဂျာမနီနဲ့ အင်္ဂလန်အသင်းတွေကိုတော့ သဘောကျပါတယ်။ ဘယ်လ်ဂျီယံနဲ့ ဆီနီဂေါအသင်းတို့လဲ နွေဦးရာသီရဲ့အံ့ဩဖွယ်တွေ ဖြစ်လာနိုင်သလို စပိန်ကိုလဲ မေ့ထားလို့မရပါဘူး။ ကမ္ဘာ့ဖလားမှာ ကျွန်တော်လေ့ကျင့်ပေးခဲ့တဲ့ ကစားသမားတွေကို ကြည့်ရှုရဖို့ မျှော်လင့်နေမိပါတယ်။”