
၂၀၂၂ နွေရာသီမှာ ဖိုဖာနာဟာ လက်စ်တာစီးတီးအသင်းမှနေ ချဲလ်ဆီးအသင်းကို ၇နှစ်သက်တမ်းရှိစာချုပ်ဖြင့်ပြောင်းရွှေ့လာခဲ့ပါတယ်။
နာမည်အပြည့်အစုံ –
မွေးနေ့ –
မွေးရပ် –
အရပ်အမြင့် –
ပွဲထွက်ခွင့်ရသည့်နေ့ –
နိုင်ငံအသင်း –
ဝက်စ်လေ တစ်ဂျန် ဖိုဖာနာ
၁၇.၁၂.၂၀၀၀ (၂၁နှစ်)
မာဆေးလ်၊ ပြင်သစ်။
၆ ပေ ၁ လက်မ (1.86m)
၀၃.၀၉.၂၀၂၂
ပြင်သစ်
Wesley Fofana ဟာ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းအတွက် ကစားနေတဲ့ ပြင်သစ်ပရော်ဖက်ရှင်နယ် ခံစစ်ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ဘောလုံးကို အကျော်ကြားဆုံး အားကစားတစ်ခုဟု သတ်မှတ်ထားကြတဲ့ Marseille မြို့မှာ မွေးဖွားကြီးပြင်းလာပြီးနောက် Saint-Etienne ဘောလုံးကလပ်နှင့် 2018 ခုနှစ် မေလ 15 ရက်နေ့မှာ ပထမဆုံး ပရော်ဖက်ရှင်နယ် ကစားသမားဘဝစာချုပ်ကို ချုပ်ဆိုပြီး သူ့ရဲ့ ဘောလုံးသမားဘဝကို စတင်ခဲ့ပါတယ်။
ဆယ်ကျော်သက် လူငယ်လေးဖြစ်တဲ့ Fofana ဟာ ထိုနွေရာသီမှာ သူ့ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ်ကို ချုပ်ဆိုပြီးနောက် 2018-19 ရာသီတစ်လျှောက် အောင်မြင်မှုများ ရရှိခဲ့အပြင် ပြင်သစ်နိုင်ငံရဲ့ ထင်ရှားကျော်ကြားတဲ့ အမျိုးသားလူငယ်ဖလား Coupe Gambardella ကို ဆွတ်ခူးနိုင်ခဲ့ပြီး ကလပ်ရဲ့ U-19 အသင်းကို တောက်ပစေတဲ့ ကစားသမားကောင်းတစ်ဦး ဖြစ်ခဲ့ပါတယ်။ ကလပ်ရဲ့ရာသီကုန်ဆုံးချိန်တွင် ကစားသမားအများအပြားထွက်ခွာသွားခြင်းကြောင့် အသင်းအတွက် ပိုမိုခက်ခဲလာခဲ့သော်လည်း Fofana ဟာ 2019-20 ခုနှစ် ဘောလုံးရာသီအတွက် Saint စီနီယာအသင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သေးပါတယ်။

သို့သော်လည်း Fofana ဟာ ဒူးဒဏ်ရာကြောင့် ရာသီပထမနှစ်လကို လွဲချော်ခဲ့ပေမဲ့ သူ ပြန်ဝင်ကစားနိုင်တဲ့အချိန်မှာတော့ အသင်းရဲ့အခြေအနေကို ဆက်ထိန်းထားနိုင်ဖို့ ပွဲထွက်လူစာရင်းမှာ ချက်ချင်းပါဝင်ခဲ့ရပါတယ်။ လက်စတာစီးတီးအသင်းသို့ မပြောင်းမီ 2020-21 ခုနှစ် ဘောလုံးရာသီမှာSaint-Etienne စီနီယာအသင်းအတွက် ဗဟိုနောက်ခံကစားသမားအနေနဲ့ ကစားပွဲသုံးပွဲစလုံးမှာ ဂိုးခွင့်ပြုပေးရခြင်းမရှိဘဲ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

2020 ခုနှစ်၊ အောက်တိုဘာလ 2 ရက်နေ့မှာတော့ Fofana ဟာ အင်္ဂလန်ပရီးမီးယားလိဂ်မှ လက်စတာစီးတီးအသင်းနှင့် ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး သတင်းများအရ Saint-Étienne အသင်းက ပြောင်းရွှေ့ကြေးပေါင် 36.5 သန်းအထိရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပိုလို့တောင် အထင်ကြီးစရာကောင်းတာက King Power အားကစားကွင်းမှာ အရေးပါတဲ့ ကစားသမားတစ်ဦးအနေနဲ့ Fofana ဟာ သူ့ပတ်ဝန်းကျင်အသစ်နဲ့ ပရီးမီးယားလိဂ်ရဲ့ တင်းမာမှုတွေကို မြန်မြန်ဆန်ဆန် အသားကျအောင် ပြုပြင်ပြောင်းလဲလိုက်နိုင်ပုံပါပဲ။ 2021 ခုနှစ် မေလ 15 ရက်နေ့ FA ဖလားဖိုင်နယ်မှာ ပါဝင်ခဲ့ပြီး လက်စတာစီးတီးအသင်းမှ 1 ဂိုး – 0 ဂိုးဖြင့် ချဲလ်ဆီးအသင်းကို အနိုင်ရကာ အင်္ဂလန်နိုင်ငံမှာ သူ့ရဲ့ပထမဆုံးဆုဖလားကို ရရှိခဲ့ပါတယ်။
ပရိသတ်မဲပေးရွေးချယ်မှုအပြီးတွင် Fofana ဟာ 2021 ခုနှစ် မေလ 21 ရက်နေ့မှာ လက်စတာစီးတီးအသင်းရဲ့ လူငယ်ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသော်လည်း 2021- 2022 ခုနှစ် ဘောလုံးရာသီရဲ့ ကစားပွဲတွေ မစတင်မီလေးမှာပဲ၊ ဗီလာရီးယဲလ်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲ ကစားနေစဉ် ခြေထောက်ကျိုးသွားခဲ့ပါတယ်။ Fofana ရဲ့ ပြန်လည်ကောင်းမွန်လာမှုအတိုင်းအတာကို လက်စတာအသင်း ရာသီလက်ကျန်ပွဲစဉ်အားလုံးရဲ့ မိနစ်တိုင်းမှာ ပါဝင်ကစားခဲ့တဲ့အချက်က သိသာစေခဲ့ပါတယ်။ ဒါ့အပြင် မြေခွေးတို့ရဲ့ ပထမဆုံးသော ယူရိုပါလိဂ်ရဲ့ ဆီမီးဖိုင်နယ်သို့ တက်လှမ်းခဲ့ကာ အသင်းရဲ့ အရေးပါသော အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း အဆင့် (၈)နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

2022 ခုနှစ် သြဂုတ်လနှောင်းပိုင်းမှာတော့ Wesley Fofana ဟာ လက်စတာစီးတီးအသင်းမှ ချယ်လ်ဆီးအသင်းထံသို့ ခန့်မှန်းခြေပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀+အပိုဆုကြေး ၅သန်းဖြင့် ၇နှစ်စာချုပ် ချုပ်ဆိုကာ ထွက်ခွာပါတယ်။ ပရီးမီးယားလိဂ်ပွဲတွေမှာ လူကြိုက်အများဆုံး လူငယ်ကစားသမားများထဲမှ တစ်ဦးဖြစ်တဲ့Fofana ဟာ နွေရာသီအစောပိုင်းမှာ Kalidou Koulibaly နှင့် Marc Cucurella တို့ နဲ့အတူ 2022-23 ဘောလုံးရာသီအတွက် အသင်းရဲ့ ခံစစ်ကို အားကောင်းစေရန် ပူးပေါင်းခဲ့ပါတယ်။ ချဲလ်ဆီးအသင်းသို့ ရောက်ရှိလာပြီးနောက် Fofana ဟာ အသင်းဟောင်း လက်စတာစီးတီးအသင်းက သူ့ရဲ့ ချဲလ်ဆီးအသင်းသို့ ပြောင်းရွေ့မှုနဲ့ပက်သက်ပြီး မှန်ကန်မှုမရှိတဲ့ မှတ်ချက်များ ပြုလုပ်ခဲ့ကြောင်း ဝေဖန်ခဲ့ပါသေးတယ်။

သူ့ရဲ့ ဇာတိပြင်သစ်ရှိ Saint-Etienne အသင်းမှာတည်းက တစ်ဖက်ကစားသမားတွေနဲ့ ပရိတ်သတ်တွေရဲ့ အထင်ကြီးလေးစားမှုရရှိအောင် ဆွဲဆောင်နိုင်ခဲ့ပြီးနောက် အင်္ဂလန်နိုင်ငံမှာ နှစ်ရာသီကြာ လက်စတာစီးတီးအသင်းအတွက် ကစားပေးခဲ့တဲ့ပွဲတိုင်းမှာ Fofanaဟာ စွမ်းဆောင်ရည်ရှိတဲ့ အလားအလာအကောင်းဆုံး နောက်ခံကစားသမားများထဲမှ တစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံးရာသီဖြစ်တဲ့ 2020-21 ခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း Foxes ရဲ့ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားအဖြစ် မဲပေးရွေးချယ်ခြင်းခံခဲ့ရပါတယ်။ အင်္ဂလန်မှာ သူ့ရဲ့အကောင်းဆုံးစွမ်းဆောင်ချက်တစ်ခုက အဲဒီရာသီ FA Cup ဖိုင်နယ်မှာ ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး လက်စတာအသင်းကို ပထမဆုံးအကြိမ် FAဖလားဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။