1. FFP အတိအကျကဘာလဲ?
ဘောလုံးဥက္ကဋ္ဌ မိုက်ကယ်ပလာတီနီမှ “financial doping” လို့ခေါ်တဲ့ အရည်အချင်းပြည့်မီတဲ့ အသင်းများက သူတို့တတ်နိုင်သည်ထက် ပိုသုံးစွဲခြင်းမှ ကာကွယ်ရန်ဖို့ UEFA မှ FFP ဆိုပြီး တီထွင်ခဲ့တာဖြစ်ပါတယ်။ ပလာတီနီက ကလပ်အများအပြားဟာ ထိန်းမနိုင်သိမ်းမနိုင်သော အကြွေးများကို သယ်ဆောင်နေကြရပြီး အချို့သောကလပ်များမှာ အသုံးစရိတ်များကို အလွန်အကျွံသုံးစွဲလာတာဟာ ကစားပွဲတွေအပေါ် ထိခိုက်ပျက်စီးစေလာတယ်လို့ ဆိုပါတယ်။
2. FFP ကို လိုက်နာဖို့ဆိုရင် ကလပ်အသင်းတွေက ဘာလုပ်ရမလဲ?
ဧပြီလမှာ UEFA ဟာ 2011-12 နဲ့ 2012-13 ရာသီများမှ ကလပ်အကောင့်များကို အခြေခံပြီး ပထမဆုံး FFP ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ကလပ်အသင်းများဟာ အကဲဖြတ်ကာလအတွင်း ရရှိထားတဲ့ ငွေကြေးတန်ဖိုးထက်ပိုပြီး ယူရို 5 သန်း (ပေါင် 3.9 သန်း) အထိ သုံးစွဲခွင့်ပြုထားသော်လည်း စောင့်ကြည့်ကာလမှာ ကလပ်ပိုင်ရှင်တွေက အဖုံးအဖိလုပ်တာတောင် ယူရို 45 သန်း (ပေါင် 35 သန်း) အထိ အရှုံးပေါ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် အကဲဖြတ်မှုကို သုံးနှစ်တာကာလအတွင်း ဆောင်ရွက်သွားမှာဖြစ်ပြီး ဆုံးရှုံးမှု ယူရို 45 သန်း (ပေါင် 35 သန်း) ဟာ 2014-15 ရာသီမှာ ဆက်လက် ပါဝင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ယခင်ဘောလုံးရာသီ သုံးရာသီကို 2015-16 ရာသီရဲ့ စောင့်ကြည့်ကာလမှာ တစ်ဖန်ထည့်သွင်းမည်ဖြစ်သော်လည်း သတ်မှတ်ထားတဲ့တန်ဖိုးကို ယူရိုသန်း 30 (ပေါင် 25.5 သန်း) လျှော့ချသွားမှာ ဖြစ်ပြီး နောက်နှစ်များမှာတော့ ကန့်သတ်ပမာဏ အတိအကျကို ဆုံးဖြတ်ရဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါ သတ်မှတ်တန်ဖိုးထဲကနေ အသင်းများက ဝန်ထမ်းများကို လစာပေးရန်နဲ့ အခြားသော အပြောင်းအရွှေ့များ ပြုလုပ်ရန်အတွက် သုံးစွဲရမှာ ဖြစ်ပါတယ်။
3. FFP က ဘာကို အကျုံးဝင်သလဲ?
ဘောလုံးနဲ့ဆိုင်တဲ့ ဘောလုံးသမားများရဲ့ အပြောင်းအရွှေ့၊ လစာ အစရှိတဲ့ ကုန်ကျစရိတ်များဟာ လက်မှတ်ရောင်းချမှု၊ ရုပ်သံထုတ်လွှင့်မှုနဲ့ အခြားရင်းမြစ်များအပြင် သူတို့ရဲ့ စီးပွားရေးလုပ်ငန်းခွဲများမှ ဝင်ငွေများနဲ့ မျှမျှတတ စာရင်းကိုက်နေမှ အဆင်ပြေမှာပါ။ အဖွဲ့အစည်းအတွက် ပရောဂျက်များ၊ လူငယ်ဖွံ့ဖြိုးရေး၊ လေ့ကျင့်ရေး အဆောက်အအုံများနဲ့ အားကစားကွင်းများအတွက် အသုံးစရိတ်တွေကိုတော့ ကင်းလွတ်ခွင့်ရှိတယ်လို့ သိရပါတယ်။
4. စည်းမျဥ်းစည်းကမ်းတွေကို ဘယ်သူက ရေးဆွဲတာလဲ?
UEFA ဟာ ၎င်းရဲ့ Financial Fair Play စည်းမျဉ်းများနှင့် Club Licensing စနစ်အား အကောင်အထည်ဖော်မှုကို ကြီးကြပ်ရန်အတွက် Club Financial Control Body (CFCB) ကို တည်ထောင်ခဲ့ပါတယ်။
5. FFP ကို ချိုးဖောက်တဲ့ ကလပ်များအနေဖြင့် ဘယ်လို ပိတ်ဆို့အရေးယူမှုတွေ ဖြစ်လာနိုင်သလဲ?
CFCB ရဲ့ ပထမဆုံးဥက္ကဌနဲ့ စုံစမ်းစစ်ဆေးရေးမှူး Jean-Luc Dehaene က “အဏုမြူဗုံးသည် ဥရောပပြိုင်ဆိုင်မှုအား တားမြစ်ပိတ်ပင်ခြင်း” ဆိုတဲ့ စကားကို 2011 ခုနှစ်မှာ ပြောကြားခဲ့ပါတယ်။ သူ ဆိုလိုချင်တာကတော့ သတိပေးချက်၊ ဒဏ်ငွေ၊ ဆုငွေများနုတ်ယူခြင်း၊ အပြောင်းအရွှေ့ပိတ်ပင်ခြင်း၊ အမှတ်ဖြတ်တောက်ခြင်း၊ ကစားသမားသစ် မှတ်ပုံတင်ခြင်းကို ပိတ်ပင်ခြင်းနဲ့ UEFA ပြိုင်ပွဲများအတွက် စာရင်းသွင်းနိုင်တဲ့ ကစားသမားအရေအတွက် ကန့်သတ်ချက်များအပြင် အခြားဖြစ်နိုင်ခြေရှိတဲ့ ပြစ်ဒဏ်များကို CFCB ရဲ့ စုံစမ်းစစ်ဆေးရေးအခန်းမှ တစ်ဆင့် စစ်ဆေးပြီး ကလပ်အသင်းတွေရဲ့ သဘောတူညီချက်များနဲ့တကွ ကျူးလွန်မိတဲ့ အပြစ်အလိုက် အဆိုပါ အပြစ်များကို အရေးယူအဆိုပြုပါမယ်လို့ ပြောကြားတာ ဖြစ်ပါတယ်။
6. ဒါဆို ဒီစည်မျဉ်းစည်းကမ်းတွေက ဥရောပအသင်းကြီးတွေကို ဘယ်လိုအကျိုးသက်ရောက်လဲ?
မန်ချက်စတာစီးတီးအသင်းနှင့် ပဲရစ်စိန့်ဂျာမိန်းအသင်းအပါအဝင် ကလပ်ကိုးခုဟာ ပထမအကဲဖြတ်ကာလမှာ FFP စံနှုန်းများကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိပြီးနောက် ဒဏ်ငွေနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများစွာ ချမှတ်ခံခဲ့ရပါတယ်။ မန်စီးတီးအသင်းဟာ ပေါင် 49 သန်း ဒဏ်ကြေးငွေ ပေါင် 32 သန်းအပြင် အသုံးစရိတ်ကန့်သတ်ချက်များနဲ့ 2014-15 ရာသီအတွက် ချန်ပီယံလိဂ်လူ 21 ဦးစာရင်းကို ဆိုင်းငံ့ထားဖြင်း ခံခဲ့ရပါတယ်။
CFCB ဟာ အသုံးစရိတ်ကို လေ့ကျင့်ရေးအတွက်နေရာသစ်များနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုအတွက် လုံလောက်မှုမရှိဘူးဟု ဆုံးဖြတ်ထားသောကြောင့် ပထမရာသီနှစ်ခုအတွက် စုစုပေါင်းဆုံးရှုံးမှုမှာ ပေါင် 149 သန်း (2012 ခုနှစ်မှာ $97 million နဲ့ 2013 ခုနှစ်မှာ $51.6 million) တို့ကို ထုတ်ပြန်ခဲ့ပါတယ်။ ကာတာပိုင်ဆိုင်တဲ့ ပဲရစ်စိန့်ဂျာမိန်းအသင်းဟာလည်း မန်စီးတီးအသင်းကဲ့သို့ ပြစ်ဒဏ်ပေးခံခဲ့ရပါတယ်။ အဆိုပါ ဒဏ်ရိုက်ခံရခြင်းကြောင့် CFCB ဟာ PSG အသင်းကို စပွန်ဆာပေးထားတဲ့ ကာတာခရီးသွားလုပ်ငန်း အာဏာပိုင်နဲ့ ပေါင် 167 သန်း သဘောတူညီချက်အရ သူတို့ရဲ့ ဆုံးရှုံးမှုများကို ဖုံးကွယ်ပေးထားနိုင်ခဲ့တာကြောင့် တရားမျှတမှု မရှိတဲ့ အရေးယူမှုဆိုပြီး ဆုံးဖြတ်တဲ့အခါမှာတော့ စမ်းသပ်မှု မအောင်မြင်ဘူးဆိုပြီး ယူဆခဲ့ကြတယ်လို့ သိရပါတယ်။
7. ပြစ်ဒဏ်တွေကို ပယ်ဖျက်နိုင်ပါသလား?
FFP ဟာ ဥရောပနိုင်ငံရဲ့ ပြိုင်ဆိုင်မှုဥပဒေကို ချိုးဖောက်သည်ဟု Bosman ရဲ့ သမိုင်းဝင်အောင်ပွဲများမှာပါဝင်ခဲ့သော ရှေ့နေ Jean-Louis Dupont မှ ဥရောပကော်မရှင်ကိုတရားစွဲဆိုထားတာရှိခဲ့ပြီး အဖွဲ့ဝင် 15,000 ပါဝင်တဲ့ မန်ချက်စတာစီးတီး ပရိသတ်များကလည်း အဆိုပါ တိုင်ကြားချက်ကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။ အဲ့တာကြောင့် အားကစားဆိုင်ရာ အနုညာတစီရင်ဆုံးဖြတ်မှုဟာ ကလပ်အသင်းများအတွက် အယူခံဝင်ရန် နောက်ထပ် ရွေးချယ်စရာတစ်ခု ဖြစ်လာပါတော့တယ်။
8. လီဗာပူးလ်အသင်းဟာ ဘာကြောင့် စုံစမ်းစစ်ဆေးခံနေရတာလဲ?
သူတို့ဟာ 2012-13 ရာသီမှာ ပေါင် 49.8 သန်း နဲ့ 2011-12 ရာသီမှာ ပေါင် 41 သန်း ဆုံးရှုံးခဲ့ပြီး ဒီရာသီမှာတော့ ချန်ပီယံလိဂ် ၀င်ခွင့်ရပြီးနောက် ဥရောပကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။ Reds များဟာ သူတို့ရဲ့ အကောင့်များကို 2013-14 ရာသီရဲ့ ဥရောပပြိုင်ပွဲများမှာ မပါဝင်ခဲ့ကြသော မိုနာကို၊ အင်တာမီလန်၊ ရိုးမား၊ Besiktas၊ FC Krasnodar နှင့် Sporting Lisbon တို့နှင့်အတူ CFCB သို့ တင်ပြထားတာကြောင့် အောက်တိုဘာလနဲ့ နိုဝင်ဘာလမှာ ငွေကြေးဆိုင်ရာ အချက်အလက်များကို ပေးဆောင်ရန် ညွှန်ကြားထားတယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းဟာ လွန်ခဲ့တဲ့ 18 လအတွင်း အကျိုးအမြတ်များစွာရရှိထားတဲ့ စီးပွားရေးစာချုပ်များစွာကို ချုပ်ဆိုပြီးနောက် FFP စည်းမျဉ်းများကို လိုက်နာခဲ့ကြောင်း သေချာတယ်ဆိုပြီးလည်း ပြောကြားခဲ့ပါတယ်။
9. FFP က ပုံစံတစ်ခုတည်းသာ ရှိတာလား?
ဒီမေးခွန်းအတွက် အဖြေကတော့ “နိုး”ပါ။ ပရီးမီးယားလိဂ်ဟာ UEFA ရဲ့ FFP ထက် တင်းကျပ်တဲ့ ဘဏ္ဍာရေးစည်းမျဉ်းကို ကျင့်သုံးပြီး 2013-14၊ 2014-15 နဲ့ 2015-16 ရာသီများမှာ ကလပ်များကို £105 million ထက်များသော ဆုံးရှုံးမှုကို ခံစားခွင့်မပြုပါ (FFP ကဲ့သို့ပင်၊ အခြေခံအဆောက်အအုံနှင့် လူငယ်ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံမှု ကင်းလွတ်ခွင့်ရှိသည်)။ ထိုပမာဏထက် ပိုပြီး အရှုံးပေါ်နေတဲ့ အသင်းတိုင်းကို အမှတ်ဖြတ်တောက်ခြင်းကဲ့သို့သော ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုများကို တကယ်လုပ်ဆောင်တယ်လို့ သိရပါတယ်။
ကလပ်ပိုင်ရှင်များဟာ ဆုံးရှုံးစရာများရှိခဲ့ရင် ပေါင် ၁၅ သန်းမှ ပေါင် ၁၀၅ သန်းကြားအတွင်းသာဖြစ်ရမည်ဟု အာမခံထားရတာဖြစ်ပေမဲ့ လိဂ်ပွဲစဉ်ကတော့ ကစားသမား လုပ်ခလစာတိုးရန် အသင်းများ အသုံးပြုနိုင်အောင် အပို PL ဗဟိုရန်ပုံငွေပမာဏကို ကန့်သတ်ထားတဲ့ ယာယီကုန်ကျစရိတ် ထိန်းချုပ်မှုအစီအမံဆိုပြီး အကောင်အထည်ဖော်ပေးခဲ့ပါတယ်။ 2013-14 ရာသီမှာ ပေါင် 4 သန်း၊ 2014-15 ရာသီမှာ ပေါင် 8 သန်းနဲ့ 2015-16 ရာသီမှာ ပေါင် 12 သန်း (ကလပ်များရဲ့ ကိုယ်ပိုင်စီးပွားရေးဝင်ငွေမှလုပ်ခတိုးမြှင့်နိုင်သည်) ဆိုပြီး ကန့်သတ်ထားခဲ့ပါတယ်။ 2013-14 ရာသီမှာ ပေါင် 52 သန်း ၊ 2014-15 ရာသီမှာ ပေါင် 56 သန်း နဲ့ 2015-16 ရာသီမှာ ပေါင် 60 သန်းထက်ကျော်လွန်သော ကစားသမားရှိတဲ့အသင်းများကသာ ချမှတ်ထားသော မူဝါဒနဲ့အညီ လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။
ဘောလုံးအဖွဲ့ချုပ်နဲ့ ကလပ်များက တစ်ချိန်တည်းမှာပင် ဌာနခွဲသုံးခုစီအတွက် FFP မူဘောင်တစ်ရပ်ကို အခြေချခဲ့သေးပါတယ်။ ချန်ပီယံရှစ်ကလပ်များကို 2013-14 ရာသီမှာ ပေါင် 8 သန်း (ရှယ်ယာပိုင်ရှင်များထံမှပေါင် 5 သန်း) အထိ ဆုံးရှုံးခွင့်ပြုထားပြီး (အကောင့်များကို ဒီဇင်ဘာလ 1 ရက်နေ့နောက်ဆုံးထားတင်ပြရပါမည်) 2015-16 ရာသီမှာ အများဆုံးပေါင် 5 သန်း (အစုရှယ်ယာရှင်များထံမှ ပေါင် 3 သန်းထောက်ပံ့သည်) မှ ရာသီအလိုက် လျှော့ချသွားမှာဖြစ်ပြီး ပရီးမီးယားလိဂ်သို့ ပြန်လည်ရာထူးတိုးလာတဲ့ အသင်းကတော့ သတ်မှတ်ထားတဲ့ တန်ဖိုးထက် ဆုံးရှုံးမှုများ ကြုံပါက ဒဏ်ကြေးပေးဆောင်ရမည်လို့ ပြောကြားခဲ့ပါတယ်။
10. အဆိုပါ စမ်းသပ်မှုမှာ ကျရှုံးနိုင်တဲ့ အသင်းများ ရှိနိုင်သလား?
အထင်ရှားဆုံးကတော့ QPR အသင်းပါပဲ။ သူတို့ရဲ့ 2012-2013 ရာသီအတွက် အစီရင်ခံစာများမှာ ဆုံးရှုံးမှုပေါင် 65.4 သန်းနဲ့ လုပ်ခလစာ ပေါင် 68 သန်းတို့ကို ဖော်ပြခဲ့ပါတယ်။ အကယ်၍ ကစားသမား ရိန်းဂျားစ်ရဲ့ ပရိုမိုးရှင်းရာသီအတွက် ဆုံးရှုံးမှုက 2012-13 ရာသီရဲ့ ဆုံးရှုံးမှုနဲ့ ကိုက်ညီပါက ဘောလုံးအဖွဲ့ချုပ်က QPR အသင်းကို ဒဏ်ငွေ ပေါင် 54 သန်းခန့် ချမှတ်မည်ဟု ပြောကြားထားပါတယ်။ နောက်ဆက်တွဲဆုံးရှုံးမှု ပေါင် 10 သန်းအတွက်ကတော့ အမြင့်ဆုံးပြစ်ဒဏ် ပေါင် 6.681 သန်းနဲ့ ပင်နယ်တီရှိပါသေးတယ်။ ဆုံးရှုံးမှုဟာ ပေါင် 18 သန်းအထိ ရောက်ရှိလာရင်တော့ ပြင်းထန်သော ပေါင်ဒါဏ်ငွေများကို ပေးဆောင်ရတော့မှာ ဖြစ်ပြီး စုစုပေါင်း ပေါင် သန်း 30 ဆုံးရှုံးခဲ့ပါက ပြစ်ဒဏ်ဟာ အကြမ်းဖျင်းအားဖြင့် ပေါင် 19 သန်း ပေးဆောင်ရမည်လို့ ဆိုပါတယ်။။ အကယ်၍ ကလပ်က ပေးချေခြင်းမရှိရင်တော့ လိဂ်ပွဲစဉ်ဟာ 2014-15 ရာသီအတွက် ပြိုင်ပွဲများသို့ ဝင်ခွင့်ငြင်းပယ်နိုင်ခွင့်ရှိပြီး အကယ်၍ 2014-15 ရာသီရဲ့ ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရရင်တော့ QPR အသင်းဟာ ဘောလုံးအဖွဲ့ချုပ်ရဲ့ Conference အထိ ရောက်သွားမှာ ဖြစ်ပါတယ်။
11. Leagues One နဲ့ Two ကကော ဘယ်လိုအခြေအနေမှာရှိနေလဲ?
ဒီပြိုင်ပွဲကအသင်းတွေ ကိုယ်စီကိုယ်စီက သူတို့ရဲ့အသုံးစရိတ်ကို ဝင်ငွေရဲ့ အချိုးအစားအဖြစ် ချမှတ်ထားပြီးဖြစ်ပါတယ်။ မည်သည့်ကလပ်မဆို ခွင့်ပြုထားတဲ့ အသုံးစရိတ် ကန့်သတ်ချက်ထက် ကျော်လွန်ပြီး သုံးမိပါက အပြောင်းအရွှေ့ပိတ်ပင်မှု ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဘောလုံးလောကရဲ့ စည်းမျဉ်းစည်ကမ်းတွေနဲ့ အသင်းအဖွဲ့ဝင်တွေက အဆိုပါ စည်းမျဉ်းစည်ကမ်းတွေ ဘယ်လို ကျင့်သုံးလေ့ကျင့်ကစားကြလဲဆိုတာကို BBC Sport မှတစ်ဆင့် ပြန်လည်ရေးသားထားတာဖြစ်ပါတယ်။
(ချဲလ်ဆီးအသင်းဟာလည်း FFP ရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ပတ်သတ်ပြီး 2020 ခုနှစ်မှာ လူဝယ်ယူခွင့်ပိတ်ပင်ခြင်းခံခဲ့ရပါတယ်၊ တခြားအသင်းတွေဖြစ်တဲ့ ဘာစီလိုနာ (၂၀၁၄) စသဖြင့် ဉရောပအသင်းကြီးတော်တော်များများဟာလည်း အယူခံဝင်ခြင်း၊ အရေးယူခံရခြင်းစတဲ့ FFP ရဲ့ပြစ်ဒဏ်တွေကို ခံစားခဲ့ကြရဖူးပါတယ်)